⛑️ အရေးပေါ် ကိစ္စရပ်များအတွက် စုဆောင်းမှု လစဥ် ပုံမှန်ပြုလုပ်ပါ။

|

“Pay into an emergency fund every month.”

အနာဂတ်အတွက် စုဆောင်းမှု၏ တန်ဖိုးရှိမှုအကြောင်း ပြောပြထားပြီး ဖြစ်သည်။ သို့သော် သင့်တွင် “အရေးပေါ်ကိစ္စရပ်များ” အတွက် ငွေစုစာရင်းရှိဖို့ လိုအပ်ပါသည်။ ယင်းက ဘာကို ဆိုလိုပါသလဲ။ လက်တွေ့ဘဝတွင် မထင်မှတ်သည့် ဖြစ်ရပ်များသေချာပေါက် ရှိနေတတ်သည်။ ကားပျက်ခြင်း၊ အမိုးယိုခြင်း၊ ရေပိုက်ပျက်ခြင်း၊ ကလေးက လက်ကျိုးခြင်း တို့မှာ သာဓကများ ဖြစ်သည်။ ယင်းဖြစ်ရပ်များ ဖြစ်လေ့ဖြစ်ထရှိတတ်သော်လည်း ဖြစ်သည့်အချိန်၊ အတိမ်အနက်တို့မှာ ကွာခြားတတ်သည်။ ရှည်ကြာသည့် ကာလတိုင်းအတာတစ်ခုတွင် အိမ်ထောင်စု အားလုံးတို့က ယင်းကဲ့သို့ ကိစ္စရပ်များအတွက် ကြီးမားသည့် ကုန်ကျစရိတ်များ ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြပေလိမ့်မည်။ ထို့ကြောင့် ယင်းအရေးပေါ်ကိစ္စရပ်များအတွက် ပြင်ပြင်ဆင်ဆင် ရှိသင့်ပေသည်။ အရေးအကြောင်းအတွက် ငွေစုစာရင်းသည် ယင်းကိစ္စများအတွက် ဖြစ်သည်။ ယင်းငွေစုစာရင်းက သင်မမျှော်လင့်သည့် ကုန်ကျမှုများကို စိတ်ပူပန်မှုမရှိစေဘဲ ငွေရေးကြေးရေး ပြဿနာတစ်ရပ် မကြုံရစေဘဲ​ ကူညီဖြေရှင်းပေးလိမ့်မည် ဖြစ်သည်။

💵 မိမိပိုက်ဆံများကို ပိုမိုအကျိုးရှိအောင် သုံးစွဲနည်း ၂ မျိုး - အကြွေးဝယ်ကဒ်ဖြင့် အကြွေးဝယ်ခြင်းအား ရှောင်ကြဥ်ရန်နှင့် အသုံးပြုပြီး ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း။

|

“Spend strategically.”

ကျွန်တော်တို့အများစုက ယနေ့စွန့်လွှတ်စရာမလိုဘဲ အနာဂတ်တွင် ပိုမိုရရှိမည့် အနေအထားကို လိုလားကြသည်။ ပျမ်းမျှဝင်ငွေအထက် ရှာနိုင်သူများ အပါအဝင် လူပုဂ္ဂိုလ်များစွာတို့က ယင်းရည်မှန်းချက်ကို ထိခိုက်စေသည့် အရာ ၂ ခုကို လုပ်ဆောင်ကြသည်။ ပထမအချက်မှာ မတတ်နိုင်သေးသည့် ပစ္စည်းများ ဝယ်ယူကြသည်။ ဒုတိယအချက်မှာ တစ်ပတ်ရစ်ပစ္စည်းများက အသုံးဝင်သေးပြီး စီးပွားရေးအရ တွက်ချေကိုက်သည့်တိုင်အောင် ပစ္စည်းသစ်များ ဝယ်ယူလိုကြသည်။

💳 မည်သည့်အရာအတွက်မျှ ယင်းအသုံးဝင်မည့် သက်တမ်းထက် ငွေကြေးပိုမိုသုံးစွဲခြင်း မပြုပါနှင့်။

|

“Manage credit and debt wisely.”

အပေးဖြေခရီးထွက်ရန်၊ အဝတ်အစားဝယ်ရန် သို့မဟုတ် လျင်မြန်စွာကုန်ဆုံးသွားမည့် သို့မဟုတ် တန်ဖိုးကျသွားသည့် အခြားကုန်စည်များဝယ်ရန် သင်ငွေချေးငှားသည့်အခါ ဘာဖြစ်လာမည်နည်း။ ၂ နှစ်အတွင်း ဟောင်းနွမ်းမည့် တစ်ပတ်ရစ် မော်တော်ကားတစ်စီးကို ၄၈ လကြာ အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူသည့်အခါ ဘာဖြစ်မည်နည်း။ အဖြေ ၂ ခုလုံးက အတူတူဖြစ်သည်။ သင့်အတွက် သို့မဟုတ် အခြားသူများအတွက် တန်ဖိုးနည်းနည်းသာရှိသည့် သို့မဟုတ် တန်ဖိုးလုံးဝမရှိသည့် အရာများအတွက် ငွေပေးချေခြင်း ပြုလုပ်နေကြောင်း မကြာခင် သိသာလာပါလိမ့်မည်။ ယင်းပေးချေမှုများက စိတ်ပျက်ဖွယ်အခြေအနေနှင့် ငွေကြေးမဖူလုံမှုသို့ ဦးတည်သွားလိမ့်မည်။