20 Sep 2024
|
လူငယ်မှသည် လူချမ်းသာဆီသို့
“Indexed equity mutual funds can help you outperform the experts.”
အမေရိကန်များစွာတို့က စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းမှ ရှောင်ကြဥ်တတ်ကြသည်။ အကြောင်းမှာ အနာဂတ်တွင် ပေါက်မြောက်နိုင်ခြေရှိသော စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ဖော်ထုတ်နိုင်သည့် ကျွမ်းကျင်မှု သို့မဟုတ် ယင်းသို့လုပ်ဆောင်ရန် အချိန်မရှိဟု အထင်ရှိကြသောကြောင့် ဖြစ်သည်။ အနာဂတ်တွင် မည်သည့်စီးပွားရေးမှာ အလားအလာရှိသည်ကို ဟောကိန်းထုတ်ရန် ကြိုးစားရာတွင် အခက်အခဲများရှိသည်မှာ အမှန်ပင် ဖြစ်သည်။
19 Sep 2024
|
လူငယ်မှသည် လူချမ်းသာဆီသို့
“Diversify: Don’t put all your eggs in one basket.”
ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရာတွင် စွန့်စားရမှု ရှိနေပါသည်။ အိမ်ခြံမြေတစ်ခု၏ ကာလပေါက်စျေး သို့မဟုတ် ကော်အိုရေးရှင်းတစ်ခု၏ အစုရှယ်ယာစျေးနှုန်းသည် အချိန်တိုအတွင်း ရုတ်ရက် ပြောင်းလဲသွားနိုင်သည်။ အရည်အသွေးမြင့် ငွေချေးစာချုပ်များမှာကဲ့သို့ အမည်ခံ အကျိုးအမြတ် (norminal return) မှာ သေချာသည့်တိုင်တောင် အတိုးနှုန်းအပြောင်းအလဲနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ပိုင်ဆိုင်မှုများ၏ တန်ဖိုးမှာ သိသိသာသာ ပြောင်းလဲသွားနိုင်သည်။ မိမိ၏ ဥစ္စာဓနအများစုကို အိမ်ခြံမြေတစ်ခုတွင်သာ သို့မဟုတ် ကော်အိုပိုရေးရှင်းတစ်ချို့၏ စတော့ရှယ်ယာများတွင်သာ ဝယ်ယူမြှုပ်နှံထားပါက မိမိသည် အလွန်ပင်ပျော့ကွက်ရှိသည့် ပိုင်ဆိုင်မှုများဆုံးရှုံးနိုင်သည့် အနေအထားနှင့် နီးစပ်နေပါသည်။ နာမည်ကြီးပြီး အများက ယုံကြည့်ရသော လုပ်ငန်းကြီးများ၏ အစုရှယ်ယာများတွင် ပိုင်ဆိုင်မှုအများစုကို အောတိုက်ထည့်ဝင်ထား ကြီးမာသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည့် သာဓကများရှိပါသည်။
18 Sep 2024
|
လူငယ်မှသည် လူချမ်းသာဆီသို့
“Put the power of compound interest to work.”
ယခုလက်ငင်းပင်လျှင် ငွေစုဆောင်းသင့်သည့် အဓိကအကြောင်းရင်း ၂ ရပ်ရှိသည်။ ပထမအကြောင်းရင်းမှာ ဆွေးနွေးခဲ့သည့်အတိုင်း ယခုမျက်မှောက်တွင် စတင်ငွေစုရန် ဆင်ခြေများစွာ ပေးတတ်သူတို့မှာ နောင်အခါတွင်လည်း ခက်ခဲနေမည် ဖြစ်သည်။ ယခုဖော်ပြမည်မှာ ချက်ခြင်းလက်ငင်း ငွေစုသင့်သည့် ဒုတိယ်အကြောင်းရင်း ဖြစ်ပါသည်။ ယင်းမှာ စောစောစုဆောင်းခြင်းသည် ကြီးမားသည့် အကျိုးရလာဒ် ထွက်ပေါ်စေသော အကြောင်းရင်း ဖြစ်သည်။