How Multi-Layer Neural Networks Work - Htun Khaing Lynn မှ ရေးသားသည်။

|


ကိုကျော်အလုပ်မှ အိမ်ပြန်ရောက်လာသည် ရေမိုးချိုးစားသောက်အပြီး ဇော်ဇော်မှ အားကြိုးမာန်တက်ဖြင့်

“ကိုကျော်ရေ ဟိုနေ့ကဟာလေးဆက်ပါဦး ဟီးဟီး”

“ဟုတ်ပြီ…ကဲမနေ့ကျန်ခဲ့တာလေး ဆက်ရအောင်။ မနေ့ကပြောခဲ့တဲ့ထဲမှာ ကိုကျော်တို့က OR Gate ကိုSingle Layer Preceptronနဲ့ ဘယ်လိုလုပ်ရသဲသိပြီဟုတ်။ ဒါပေမယ့် Single layer Preceptron က ကိုကျော်တို့ OR တို့ AND တို့လို Linear function တွေကိုပဲလုပ်ဆောင်နိုင်တယ်”

Neural Networks မိတ်ဆက် - Htun Khaing Lynn မှ ရေးသားသည်။

|


ကိုကျော်သည် AI ပိုင်းဖြင့် Company ကြီးတစ်ခုတွင် အလုပ်လုပ်နေသောသူဖြစ်သည်။ သူ့မှာ သူနှင့်အတူလာနေပြီး သင်တန်းတက်နေသော ဇော်ဇော်ဆိုသည့်ညီတစ်ယောက်ရှိသည်။ တစ်နေ့ကိုကျော် အလုပ်ကအိမ်ပြန်ရောက်ချိန်

“ကိုကျော် နေ့လည်က ကျတော်ကြည့်တဲ့ video ထဲမှာ မိုက်ဗျာ အိမ်တွေမှာ တံခါးတွေကိုရုပ်ပြပြီးဖွင့်လို့ရတယ်ဗျာ အသံနဲ့လဲ လုပ်လို့ရတယ်ဗျာ မိုက်ချက်ပဲဗျိို့ အဲ့တာကို AI လို့ခေါ်တာမလား”

“သြော်…အေးဟုတ်တယ်လေ ဘာဖြစ်လို့တုန်း”

“ကိုကျော်က အဲ့တာနဲ့အလုပ်လုပ်နေတော့ ကျတော့ကို အားတဲ့ချိန်သင်ပေးလို့ရမလားကျတော်လဲအဲ့တာမျိုးထွင်ချင်တယ်ဗျာ”

“ဟာ…ရတာပေါ့ငါ့ညီရ မင်းပြောတဲ့ ကောင်တွေက AI ထဲမှာမှ Deep Learning ဆိုတဲ့ဟာနဲ့ အလုပ်လုပ်တာကွ”

“ဟင် Deep learning ဆိုတာဘာလဲကိုကျော်”

“Deep learning ဆိုတာ AI ကို တည်ဆောက်ဖို့အတွက်အသုံးပြုတဲ့ နည်းပညာတစ်ခုပေါ့ကွာ ။အရင်က Neural Network လို့ခေါ်တယ်။ ဘာလို့လဲဆိုတော့ Neuron တွေ တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့ ကွန်ယက်ကြီးတစ်ခုနဲ့တူလို့ပေါ့”

“ကိုကျော်ရေ ဘာတွေလဲဗျာရှုပ်လာပြီ”

“ဒါအစမလို့ပါကွာ ကိုကျော်ရှင်းပြမယ် သေချာနားထောင်”

ဇော်ဇော်မှ ရီဝေသောမျက်လုံးများဖြင့် -

“ဟုတ်ကိုကျော်ရေ”

“ဒါနဲ့မင်းဟိုနေ့က သင်တန်းတက်နေတယ်ဆို ဘာသင်တန်းတက်နေတာတုန်း”

“Python Programming လေကိုကျော်”

“ဟာ…ဒါဆိုကွက်တိပဲဇော်ဇော်ရေ မင်းသင်ချင်တဲ့ ဟာတွေကလဲ Python ကိုပဲအများဆုံးအသုံးပြုကြတာ”

“ဒါဆိုရင်တော့ဂွင်ပဲကိုကျော်ရေ ဟားဟား”

COVID-19 စီးပွားရေး ကုစားမှု အစီအစဥ် မှာပါတဲ့ ငွေကြေးဆိုင်ရာ နဲ့ ဘဏ္ဍာရေးဆိုင်ရာ လှုံ့ဆော်မှု အစီအစဥ်များ - Monetary and Fiscal Stimulus Package in Covid-19 Economics Relief Plans

|

၁။ Monetary နဲ့ Fiscal Stimulus ဆိုတာ ဘာကို ပြောတာဖြစ်ပါသလဲ။

ခုလောလောဆယ်ဆယ် နာမည်ကြီးနေတဲ့ ကိုမြင့်နိုင် (Covid-19) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲ့ စီးပွားရေး လုပ်ငန်းများနဲ့ ပြည်သူများ အကျိုးအလိုငှာ လက်ရှိ လုပ်ဆောင်သွားဆဲ နှင့် နောက်ထပ် လုပ်ဆောင်သွားမဲ့ Action Plans များကို COVID-19 Economic Relief Plan (CERP) ဆိုပြီး ပြည်သူ့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့အထဲမှာဆိုရင် မိမိတို့ လူငယ်တွေ လေ့လာစရာ သင်ယူစရာတွေ အများအပြားကို ပါရှိနေတာကို တွေ့မိပါတယ်။ အထူးသဖြင့် အဓိကတွေ့ရတဲ့ အထဲမှာ Monetary Policy ( ငွေကြေးဆိုင်ရာ မူဝါဒ) များကို သုံးထားတဲ့ လုပ်ဆောင်ချက်များနှင့်တကွ Fiscal Policy (ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ) ကိုပါ အသုံးပြုထားတဲ့ လုပ်ဆောင်ချက်တွေတော်တော်များများ ပါနေတာ ကို သတိထားမိပါတယ်။