25 Dec 2020
|
လူငယ်မှသည် လူချမ်းသာဆီသို့
Money ဆိုတဲ့ဝေါဟာရက ကျွန်ုပ်တို့ နေ့စဉ် daily life မှာ အမြဲပြော အမြဲအသုံးပြုနေတဲ့ စကားလုံးဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အရာ၀တ္ထုတွေကို ၀ယ်ဖို့ပိုက်ဆံကို အသုံးပြုတယ်။ ပိုက်ဆံတွေများများရဖို့ အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစာရတယ်။
အနာဂတ်မှာ ဖူလုံမှုရှိဖို့နဲ့အေးအေးချမ်းချမ်းနေနိုင်ဖို့ ပိုက်ဆံတွေကို ကြိုတင်စုဆောင်းရတယ်။ အဲ့ဒါကြောင့် ပိုက်ဆံကို ဘယ်လိုတွေ အဓိပ္ပာယ်သတ်မှတ်ကြလဲ၊ ပိုက်ဆံရဲ့လုပ်ဆောင်ချက်တွေက ဘာတွေလဲဆိုတာ ကျွန်ုပ်တို့သိထားသင့်တယ်လို ထင်ပါတယ်။ အဲ့တော့စာလေးကို အဆုံးထိဆက်ဖတ်ပေးဖို့တိုက်တွန်းပါတယ် ☺️☺️။
22 Dec 2020
|
လူငယ်မှသည် လူချမ်းသာဆီသို့
Finance လို့ပြောလိုက်ရင် သင့်စိတ်ကူးထဲ အရင်ဆုံး ရောက်လာတာကဘာပါလဲ။ money 💵💰, right? ဟုတ်ပါတယ် finance ဆိုတာက money ပတ်သတ်တဲ့အရာတွေ ဥပမာ- ရင်းနှီးမြုပ်နှံမှူတွေ၊ credit တွေ၊ banking တွေ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှူတွေ၊ စုဆောင်းမှူတွေကို ဘယ်လို management လုပ်မလဲ ဆိုတာပါပဲ။
အခုခေတ်မှာ လူတော်တော်များများမှာ ပိုက်ဆံမရှိရင်တောင် credit card 💳 တွေ၊ bank account တွေရှိတတ်ပါတယ်။ အဲ့တာကြောင့် finance ကို time travel machine အနေနဲ့လည်း တင်စားခေါ်ဝေါ်ကြတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ သင်ဒီနေ့ရတဲ့၀င်ငွေကို ဒီနေ့စုဆောင်းပြီး နောက်နေ့မှ အသုံးပြုလို့ရသလို နောက်နေ့မှရမယ့်၀င်ငွေကို ဒီနေ့မှာ credit card ကို အသုံးပြုပြီး သုံးစွဲလို့ရပါတယ်။
11 Aug 2020
|
လေ့လာနေသူများမှ လေ့လာမည့်သူများဆီသို့ - AI
ဒီနေ့ကိုကျော်အိမ်ပြန်ရောက်စဥ် ဇော်ဇော်တစ်ယောက် ပြုံးစိစိဖြင့် မြူးတူးနေသည်။
“ဟာ…ငါ့ညီ မင်းကလဲကွာ ဘာဖြစ်တာတုန်း ဒီနေ့မှ မျက်နှာကြီးကိုဖြီးလို့ ပျော်နေပုံများ’’
“ဟာ…ကိုကျော်ကလဲ ပျော်ရမှာပေါ့ဗျ ကျတော် ကျောင်းတက်တုန်းကလိုက်ခဲ့တဲ့ကောင်မလေးက ကျတော့်ကိုအဖြေပြန်ပေးတာကိုး.. ဟဲဟဲ…အားကျနေပြီလား။ ခနခန အငြင်းခံရပြီးတော့မှ ရတာ။ တော်တော်လဲကြာသွားတယ်။ ခုမှအဖြေရတာ ပျော်လိုက်တာဗျာ…ဟီးဟီးဟီး’’
“ဟာ…ဟုတ်လှချည်လား။ ဒါနဲ့နေပါဦး ကောင်မလေးကဘာလို့မင်းကိုခနခနငြင်းတာလဲ။ ဘယ်လိုပုံမျိုးမို့လဲဟ…ပြောပါဦး’’
“ဟာ…တအားလှတာကိုကျော်ရ မျက်နှာလေးကဝိုင်းနေတာပဲ…အသားလေးကလဲ ဖြူ…အရပ်လေးကလဲကောင်းဗျာ။ အဲ ဘာလို့ငြင်းတာလဲဆိုတော့ သူက အစက ကျတော့ဆံပင်ပုံကိုမကြိုက်ဘူး ဝတ်ပုံစားပုံ စကားပြောပုံ လမ်းလျှောက်ပုံ တော်တော်များများသူမကြိုက်ဘူးဗျ။
အဲ…ဒါကလဲ ကျတော့ဘော်ဒါပြောပြမှသိတာ ကျတော့်ဘော်ဒါကောင်မလေးကသူနဲ့သူငယ်ချင်း သူ့သူငယ်ချင်းကနေကတစ်ဆင့် ကျတော်ဘော်ဒါ ပြီးမှသိရတာဗျ။ ပထမတစ်ခါအငြင်းခံရတော့ ဒုတိယအကြိမ်သွားတောင်းသေးတယ် အဲ့တုန်းကဆံပင်တွေဘာတွေသပ်သပ်ရပ်ရပ်ပါပဲ ပြင်သွားတာ မရဘူးဗျာ အကုန်ပြင်မှစဥ်းစားပေးမယ်ဆိုလို့ မနည်းပြင်ယူရတယ်ဗျို့အကျင့်ဆိုးတွေကို။ ချစ်တာကိုးဗျ…ဟားဟား’’