💶 ကိုယ်ပိုင်ငွေကြေးအား လက်တွေ့ကျကျ စီမံခန့်ခွဲခြင်း သော့ချက် ၁၂ ချက်

|

၁။ မိမိ၏ အားသာချက်ကို ရှာပါ။

၂။ စွန့်ဦးတီထွင်ပါ။ စျေးကွက်စီးပွားရေးစနစ်တွင် တစ်ပါးသူတို့အား ကူညီခြင်းဖြင့် ပိုကောင်းမွန်သည့် လုပ်နည်းလုပ်ဟန်များ ရှာဖွေတွေ့ရှိခြင်းဖြင့် အများထက် ရှေ့ရောက်လာကြသည်။

၃။ ပုံမှန်ငွေစုတတ်လာစေရန်၊ ငွေကြေးကို အကျိုးရှိစွာ သုံးစွဲတတ်လာစေရန် စာရင်းဇယားထား၍ တွက်ချက်သုံးစွဲပါ။

၄။ မည်သည့်အရာအတွက်မျှ ယင်းအသုံးဝင်မည့် သက်တမ်းထက် ငွေကြေးပိုမိုသုံးစွဲခြင်း မပြုပါနှင့်။

🌼 ယေဘုယျအားဖြင့် လုပ်ရပ်တစ်ခုကြောင့် အချိန်ကြာမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်များ သို့မဟုတ် ဆင့်ပွားသက်ရောက်မှုများကို လျစ်လျူရှုတတ်ကြသည်။

|

ပြီးခဲ့သည့် ရာစုနှစ်တွင် လူသိများသည့် ဘောဂဗေဒ စာရေးဆရာ ဟင်နရီ ဟတ်ဇလစ်က စံပြဘောဂဗေဒ စာအုပ်ပါ သန်ခန်းစာတစ်ခုတွင် ဘောဂဗေဒအကြောင်း ရေးသားခဲ့သည်။ ဟတ်ဇလစ်၏ သင်ခန်းစာများထဲမှ တစ်ခုတွင် ဘောဂဗေဒ အဆိုပြုချက်တစ်ခုကို လေ့လာဆန်းစစ်သည့်အခါ လူတစ်ဦးသည် ချက်ချင်းလက်ငင်း ရလဒ်များကိုသာမက ရေရှည်ရလဒ်များကိုပါ လေ့လာစောင့်ကြည့်ရမည်။ ပင်းမအကျိုးဆက်များကိုသာမက ဆင့်ပွားအကျိုးဆက်များကိုလည်း စောင့်ကြည့်ရမည်။ အကျိုးစီးပွားတူအုပ်စုတစ်ချို့အပေါ် သက်ရောက်မှုကိုသာမက လူတိုင်းအပေါ် သက်ရောက်မှုကိုပါ မြင်အောင်ကြည့်ရမည်။

🫶 စျေးကွက်ပေါက်စျေးများ၏ “မမြင်ရသောလက်များ”သည် ရောင်းသူ၊ ဝယ်သူများအား အများကောင်းကျိုးကို ဖြစ်ပေါ်စေသည့် လုပ်ဆောင်ချက်များဆီသို့ တည့်မတ်ပေးသည်။

|

လူတိုင်းက သူ့တွင်ရှိသော အရင်းအနှီးဖြင့် အကျိုးအရှိဆုံးဖြစ်သည့် အလုပ်ကို အစဥ်တစိုက် ရှာဖွေလုပ်ကိုင်လေ့ရှိကြပါသည်။ ဒါက သူရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက်ပါ။ သူအလုပ်လုပ်ပေးနေတဲ့ လူ့အဖွဲ့အစည်း အကျိုးရှိဖို့အတွက် မဟုတ်ပါဘူး။ သို့ပေမယ့် သူ့ကိုယ်ကျိုးစီးပွားကို သဘာဝအလျောက် သို့မဟုတ် မလွှဲမရှောင်သာ ရှာဖွေလုပ်ကိုင်နေခြင်းသည်ပင် လူ့အဖွဲ့အစည်းအတွက် အကျိုးအရှိဆုံး လုပ်ကိုင်မှုဆီကို ဦးတည်စေပါတယ်။ … အကြောင်းကတော့ ကိုယ်ကျိုးစီးပွားရှာဖွေမှုအား မမြင်ရသောလက်က တည့်မတ်ပေးသဖြင့် ပုဂ္ဂလိကရည်ရွယ်ချက်တွင် မပါဝင်တဲ့ အခြားသော အကျိုးရလဒ်များကို ဖြစ်ပေါ်စေပါတယ်။ - အဒမ်စမစ် (၁၇၇၆)