၂၀၀၀ ခုနှစ် နောက်ပိုင်း ဖတ်ခဲ့သော ဝတ္တု များမှ စကားပြောများ - နိဂုံ

|

၂၀၀၀ ခုနှစ် နောက်ပိုင်း ဖတ်ခဲ့သော ဝတ္တု များမှ စကားပြောများ - နိဂုံ

၁၉။ မင်းအောင်မြင်ဖို့ ကိုယ်မင်းကို စကား နှစ်ခွန်းမှာလိုက်မယ်။ (၁) လောကမှာ ဘယ်အလုပ်ဘဲ လုပ်လုပ် အကောင်းမြင်စိတ်မွေးပါ။ (၂) ဘယ်တော့မှ စိတ်မလျှော့နဲ့၊ မအောင်မြင်ရင် တစ်ကြိမ်ပြီး တစ်ကြိမ် ဆက်လုပ်၊ နှစ်ကြိမ် မအောင်မြင်ရင် သုံးကြိမ်လုပ်၊ စိတ်နဲ့ ဇွဲကို ဘယ်တော့မှ မလျှော့လိုက်လေနဲ့၊ နောက်ဆုံးမှာတော့ အောင်မြင်မှု ကိုရမှာ မလွှဲပါဘူး။

၂၀။ လူမှာဇွဲ၊ လုံ့လ၊ ဝီရိယရှိတဲ့ အထဲမှာ ဇွဲဟာ အရေးကြီးဆုံးပါ။ ဘယ်လို အခက်အခဲမျိုးနဲ့ ကြုံကြုံ ဇွဲရှိဖို့ လိုအပ်ပါတယ်။ ဝီရိယ လွန်ရင် ကျွန်ဖြစ်ဆိုတဲ့ စကားရှိပါတယ်။ လုံ့လ အားစိုက်ထုတ်မှု လွန်ရင်လည်း တင်မာမူ တွေဖြစ်တတ်ပါတယ်။ ဇွဲလွန်ရင်တော့ အကျိုးခံစားမှု ရမှာပါ။

၂၀၀၀ ခုနှစ် နောက်ပိုင်း ဖတ်ခဲ့သော ဝတ္တု များမှ စကားပြောများ - အပိုင်း ၃

|

၁၃။ အောင်မြင်တဲ့ စိတ်ဓာတ်ဖြစ်နေပြီးဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ လောကမှာ အောင်မြင်ဖို့ အတွက် မဖြစ်မနေလုပ်ဆောင်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိဖို့ လိုတယ်။

၁၄။ လောကမှာ ခိုင်မာတဲ့ စိတ်ဓာတ်လောက် လေးစားဖို့ ကောင်းတာ မရှိပါဘူး။ ဒီလို စိတ်ဓာတ် မျိုးကို သာမာန် လူတွေ မထားနိုင်ဘူး။ ခိုင်မာတဲ့ စိတ်ဓာတ် ရှိသူတွဟာ ကိုယ်ဖြစ်ချင်တာကို နှစ်ရှည်လများစောင့်ပြီး ဇွဲ့လုံံ့လ ဝီရိယ အပြည့်နှင့် တည်ဆောက်နိုင်တယ်။ ဘယ်လို့ အခက်အခဲမျိုးပဲ ကြုံကြုံ စိတ်ဓာတ်မကျတဲ့ ကိုယ့်လျှောက်တဲ့လမ်းကို အဆုံးထိ ရောက်အောင် လျှောက်နိုင်တယ်။

၂၀၀၀ ခုနှစ် နောက်ပိုင်း ဖတ်ခဲ့သော ဝတ္တု များမှ စကားပြောများ - အပိုင်း ၂

|

၇။ လူတွေဟာ အလုပ်ထဲမှာ မအောင်မြင်တာ သေသေချာချာ စိတ်ပါလက်ပါ မလုပ်လို့ကွ၊ အလုပ်ထဲမှာ မြှုပ်နှံမထားလိုပေါ့ကွာ။ ကျောင်းသားတွေ စာညံ့တာဟာ ကျောင်းစာထဲမှာ သေသေချာချာ မြှုပ်နှံမထားကြလို့။

၈။ လူဟာ ကိုယ့်ဘဝရဲ့ အောင်မြင်မှုတွေ ဆုံးရှုံးမှုတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရတယ်။ ရှုံးနိမ့်ရင်လည်း ရှုံးနိမ့်တဲ့ အကြောင်းကို သေသေချာချာ သုံးသပ်ဝံ့ရဲရတယ်။ လူဟာ ကိုယ့်ရဲ့ အားနည်းချက်ကို ညှာတာပြီး သုံးသပ်လေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာမှုဟာ ကြောက်စရာ အကောင်းဆုံးပဲ။