🥬 ရွေးချယ်မှု - (လေ့လာမှု)

|

အခုတစ်လော စိတ်ထဲမှာ ဘယ် ဘာသာရပ်တစ်ခုခုကို အသေးစိတ် အချိန်ယူပြီး လေ့လာမလဲဆိုတဲ့ မေးခွန်းနဲ့ အတော်လေး ခေါင်းခဲနေခဲတယ်။ နေ့စဥ်မပျက် လေ့လာပြီး သိချင်စိတ်ကို နိုးဆွပေးနိုင်စေလောက်တဲ့ ဘာသာရပ် တစ်ခုခုမျိုးပေါ့။ တကယ်လို့ တစ်သက်လုံးအတွက် အလုပ်အကိုင်း တစ်ခုကို ရွေးချယ်မယ်ဆိုရင်၊ ဒါမှမဟုတ် နောက် ၁၀ နှစ်လောက် အချိန်အတိုင်းအတာတစ်ခုပေးပြီး ကိုယ်ရဲ့ ပင်တိုင်း အသက်မွေးဝမ်းကျောင်း တစ်ခုအနေနဲ့ ရပ်တည်နိုင်မဲ့ အရာရာ တစ်ခုခုကို ရွေးခြယ်ချင်ခဲ့တာမျိုးပေါ့။

📈 Economics (ဘောဂဗေဒ) အခြေခံကို လူတိုင်း လေ့လာဖို့

|

ဘောဂဗေဒသည် လူတို့၏နေ့စဥ်ဘဝနဲ့ တိုက်ရိုက် (သို့) သွယ်ဝိုက်သောအားဖြင့် ပါဝင်နေသော ဘာသာရပ် ဖြစ်ပါသည်။

မြန်မာနိုင်ငံရဲ့ အထက်တန်းပညာရေး စနစ်သည် ကျောင်းသား၊ ကျောင်းသူ လူငယ်တို့အဖို့ economics ခေါ် ဘောဂဗေဒ ဘာသာရပ်ကို အထင်သေး၊ အလွန် အရေးမပါသော ဘာသာရပ်တစ်ခု ဖြစ်သည်ဆိုသည့် အမြင်ကို ရိုက်သွင်ပေးသလိုဖြစ်နေပါသည်။ ကျောင်းသား၊ ကျောင်းသူတို့မှာ နဝမတန်းတွင်် bio နှင့် eco ဘာသာရပ်နှစ်ခုထဲက တစ်ခုခုကို ရွေးချယ်ရသည်။ ထို့ ရွေးချယ်မှု ကို ပြုလုပ်ရာ အကယ်၍ ဘောဂဗေဒကို ရွေးယူမိလျှင် သူများ အထင်သေး အမြင်သေး ခံရနိုင်ချေများပါသည်။

📚 Life-long Learner တစ်ယောက်ဖြစ်ဖို့ - IT

|

နယ်ပယ်တစ်ခုကို လိုက်စားဖို့ဆို Life-long Learner တစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ အပြိုင်အဆိုင်တွေများတဲ့ ဒီခေတ်မှာ လူတကာနဲ့ အမြဲတမ်း ယှဥ်နိုင်ဖို့ဆို လေ့လာမှုတွေနဲ့ ပျက်သွားလို့ မဖြစ်ပါဘူး။

အရင်ဆုံး life-long learning ဆိုတာ ဘာလဲ ဆိုတာကြည့်ရအောင်။ အကြမ်းဖျင်း အား ဖြင့်ပြောရမယ်ဆိုရင် စဥ်ဆက်မပျက်လေ့လာမှုတွေ လုပ်ခြင်းပေါ့။ ဒါပေမဲ့ အဲဒီလိုမျိုး အမြဲမပျက်လေ့လာမှုတွေကို လုပ်နိုင်ဖို့ဆို အရင်ဆုံး မိမိတို့ ဘာတွေ စိတ်ဝင်စားမှု ရှိလဲ၊ ဘယ်အရာတွေက ကိုယ်စိတ်ကို လာစွပေးနိုင်တာလဲဆိုတာကို သိဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။