🌼 မက်လုံးများ၏ အရေးပါပုံ။

|

ဘဝဆိုသည်မှာ ရွေးခြယ်စရာတွေချည်းဖြစ်ပြီး ဘောဂဗေဒပညာရပ််ဆိုသည်မှာ ဆွဲဆောင်မှုမက်လုံးများက အဆိုပါရွေးခြယ်မှုများကို မည်ကဲ့သို့ အကျိုးသက်ရောက်သည်နှင့် မိမိတို့၏ ဘဝများအား မည်ကဲ့သို့ ပုံဖော်ပေးသည့် အကြောင်းအရာများအား လေ့လာခြင်းပင်ဖြစ်သည်။ ပညာရေး၊ ပုဂ္ဂိုလ်ရေး သုံးစွဲမှုနှင့် ရင်းနှီးမြှပ်နှံမှု၊ လုပ်ငန်းခွင်တွင် ဆောက်ရွက်သည့်အရာနှင့် အခြား ကိုယ်ရေးကိုယ်တာ ဆုံးဖြစ်ချက်များနှင့် ပတ်သက်သော မိမိတို့၏ ရွေးချယ်မှုများသည် မိမိတို့၏ ကောင်းစားရေးနှင့် ဘဝအရည်အသွေးများအပေါ် သြဇာလွှမ်းမိုးမှု ရှိပါသည်။ ထို့အပြင် မဲဆန္ဒပေးသူနှင့် နိုင်ငံသူ နိုင်ငံသားများ အနေဖြင့်လည်း မိမိတို့၏ ရွေးခြယ်မှုများသည် ဥပဒေများ သို့မဟုတ် “ကစားပွဲ စည်းမျဥ်းများ” အပေါ် အကျိုးသက်ရောက်မှု ရှိလေသည်။ ယင်းစည်းမျဥ်းများသည် မိမိတို့၏ လွတ်လပ်မှုနှင့် ကြွယ်ဝမှုတို့အပေါ် များစွာ တန်ပြန်သက်ရောက်သည်။

⛈️ ကြာတောမှရွာသောမိုး - ခင်နှင်းယု

|

ကြာတော၌ရွာသောမိုး - ပေါက္ခရဝဿမိုး - မိုးရွာသော််လည်း စွတ်စိုလိုသောသူအဖို့သာ စွတ်စိုပြီး မစွတ်စိုလိုသောသူအဖို့ မစွတ်စိုချေ

ဘဝဟူသည် ရယူခြင်းမဟုတ်၊ ပေးဆပ်နေရခြင်း ဖြစ်သည်။

(ပေးဆပ်ရခြင်း ဝတ္ထုတိုမှ)

👩‍💻 စာသင်ခန်းအပမှ ဗဟုသုတများ - ခင်မျိုးချစ်

|

မျက်မှောက်ခေတ် ကျောင်းသားတွေမှတကယ် ဒုက္ခတွေ့နေကြသည်။ စာမေးပွဲ မအောင်နိုင် တဖုန်းဖုန်းကျသဖြင့် မျက်နှာမရသည့်အထဲတွင် တဖန် “ခုခေတ် ဘီအေက အလကားပါ၊ ရှေးက ဆယ်တန်းလောက်မှမတတ်ပါဘူး” ဟု ပြောသူက ပြော။ “ကျောင်းနေလို့ ဘယ်နှစ်တန်းဘဲ အောင်အောင်၊ လူတော်ချင်မှ တော်တာပါ၊ ကျောင်းစာမေးပွဲအောင်တိုင်းလဲ လူမဖြစ်ပါဘူး” ဟုဆိုသူကဆိုနှင့် စာမေးပွဲ မအောင် ပြန်တော့လည်း မအောင်ရမလား၊ အောင်ပြန်ပါလည်း ကျောင်းက ပေးတဲ့ အဆင့်အတန်းနှင့် လူရဲ့အရည်အချင်းကို မဆုံးဖြတ်နိုင်ပါဘူးဟုဆိုခံရကြပြန်လေသည်။